I’m really not a legit food reviewer, I just opt to share my great experiences. Anyways, here is my first food review blog.
(ကျနော်က အစားအသောက် ရီဗျူး(သုံးသပ်ချက်) ရေးတဲ့သူတော့မဟုတ်ဘူးဗျ။ အတွေ့ကြုံကောင်းလေးတွေကိုတော့ ကျနော့်မိတ်ဆွေတွေကို မျှဝေချင်ပါတယ်။ ဒါလေးက ကျနော့်ရဲ့ ပထမဦးဆုံး အစားအသောက် ရီဗျူး(သုံးသပ်ချက်)လေးပါ။ )
Ever since Dennis had his heart attack, we were super conscious with what we eat. When he was discharged from the hospital, a day after we already went out. Why? He would feel more sick if we stay at home.
(ဒန်းနစ်မှာ နှလုံးရောဂါ (Heart Attack) ဖြစ်ပြီးကတည်းက စားတဲ့အစားအသောက်မှန်သမျှကို ကျနော်တို့နှစ်ယောက်လုံး ဂရုစိုက်ဖြစ်ကြတယ်။ သူဆေးရုံက ဆင်းတော့ ကျနော်တို့နှစ်ယောက်အပြင်ထွက်တယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲမှာပဲ အောင်းနေပြန်ရင်လည်း လူမမာဆိုတဲ့စိတ်ရောက်ပြီး သူပိုနေမကောင်း ဖြစ်နေမှာစိုးလို့ဗျ။ )
We went to the church and met our good friend, Orlen. Since he knew the condition of Dennis, he recommended a place to eat near St. Mary’s Church.
(အဲ့ဒိနေ့က ကျနော်တို့ နှစ်ယောက် ဘုရားကျောင်းသွားတယ်။ ပြီးတော့ ကျနော်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်း”အော်လန်” (Orlan) နဲ့ ဆုံကြတယ်။ သူက ဒန်းနစ်ကျန်းမာရေးအခြေအနေကို သိပြီးကတည်းက အစားအသောက်အတွက်ဆို စိန့်မေရီဘုရားကျောင်းနားမှာရှိတဲ့ အဲ့ဒိနေရာလေးကို ညွှန်းတယ်။ )
It was ‘Healthy Me!’ Since we tried this restaurant, we always went back!
(အဲ့ဒိဆိုင်နာမည်လေးက ဟဲလ်သီးမီ -မြန်မာလိုတော့ ကျန်းမာသော ကိုယ်” တဲ့။ ပထမတစ်ခေါက် အဲ့ဒိဆိုင်မှာ စားပြီးတဲ့နောက်ပိုင်း အဲ့ဆိုင်ကို ကျနော်တို့ ခဏခဏရောက်ဖြစ်သွားတယ်။)
What we love about this restaurant, from it’s name — they are indeed very healthy. They use healthier oil, fresh fruits/veggies, no MSG and no other food colorings. They use natural ingredients!
(အဲ့ဆိုင်လေးမှာ ကျနော်တို့ နှစ်သက်မိတဲ့ အချက်လေးတွေက အစားအသောက်ပါ။ ဟဲသီးလ်မီ-”ကျန်းမာသောကိုယ်”ဆိုတဲ့ နာမည်လေးအတိုင်းပဲ အစားအသောက်တွေက ကျန်းမာရေးနဲ့ ညီတယ်ဗျ။ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဆီ၊ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့အသီးအရွက်တွေ၊ နောက်ပြီးဓါတုဆေးဝါတွေ မသုံးသလို ဆိုးဆေးလည်း လုံးဝမပါဘူး၊ သဘာဝကရတာတွေပဲ သုံးတာတွေ့ရတယ်။)
It may be a bit pricey but I’m telling you — it’s worth every kyats.
(ပုံမှန်ကိုယ်စားနေကျနဲ့ယှဉ်ရင်တော့ အစားအသောက်တွေက ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်ကျန်းမာရေးနဲ့ယှဉ်လိုက်ရင် ကိုယ်ပေးလိုက်ရတဲ့ ငွေတစ်ကျပ်တိုင်း အရမ်းတန်ပြီး ပေးပျော်တဲ့ဈေးလို့ပဲ ပြောရမှာပါ။)
They are located in Bogyoke Road in front of Ruby Mart, and recently they open a branch in Sanchaung — which is very near to our house.
(အဲ့ဒိဆိုင်လေးကတော့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတဲ့ ရူဘီမာ့တ်ကုန်တိုက်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ပြီးတော့ သိပ်မကြာခင်က အဲ့ဒိဆိုင်ခွဲလေးကို စမ်းချောင်းမှာလည်း ဖွင့်လိုက်တယ်။ ကျနော်တို့ကလည်း စမ်းချောင်းမှာနေတာဆိုတော့ တော်တော် ဟန်ကျသွားတာပေါ့ဗျာ။ )
Going inside the restaurant (both Sanchaung and Bogyoke) there is a great ambiance of their cozy light bulbs and inspiring wall quotes about living healthy.
(ဆိုင်လေးထဲကို ဝင်လိုက်တာနဲ့ အေးညိမ့်တဲ့ သီချင်းသံလေးရယ် အလှဆင်ထားတဲ့ မီးသီးလေးတွေရယ် နောက်ပြီး နံရံမှာရေးထားတဲ့ ကျန်းမာတဲ့အစားအသောက်နဲ့ပတ်သက်တဲ့ စာသားလေးတွေက အရမ်းမိုက်တယ်။ နှစ်ဆိုင်လုံး အဲ့အတိုင်းပဲ။)
Also, what I like about this restaurant is — dogs are allowed!
(အဲ့ဆိုင်လေးမှာ ကျနော်ကြိုက်တဲ့ တစ်ချက်ရှိသေးတယ်။ အဲ့ဒါက ကိုယ့်ရဲ့ အချစ်တော် အိမ်မွေခွေးလေးတွေကိုလည်း ဝင်ခွင့်ပြုတယ်ဗျ။)
By the way the staff are also nice especially the owners.
နောက်တစ်ခုက ဝန်ဆောင်မှု။ အဲ့ဒိဆိုင်လေးမှာ ဆိုင်ဝန်ထမ်းတွေတင် ဝန်ဆောင်မှုကောင်းတာမဟုတ်ဘဲ အထူးသဖြင့် ဆိုင်ပိုင်ရှင်ကပါ ဝန်ဆောင်မှုကောင်းတာကို တွေ့လိမ့်မယ်။
Anyways here are our favorites :
(ကြုံတုန်းပြောရအုံးမယ်။ အဲ့ဒိဆိုင်လေးမှာ ကျနော်တို့ အကြိုက်ဆုံးတွေက)
1. Liver Detox.
2. Paleo Beef Meat Balls Pasta.
3. Broccoli Burritos. (My most favorite (အဲ့ဒါက ကျနော်အကြိုက်ဆုံးဗျ) )
4. Healthy Me Pizza.5. Beetroot Whole Grain Wrap. (Dennis’ favorite (ဒါကတော့ ဒန်းနစ်အကြိုက်ပေါ့) )
Here is their facebook page (ဒါက ဆိုင်ရဲ့ facebook page လေးပါ။ )CLICK ME!
That’s it!
Regards,
Joamar-John
Special Thanks Myanmar Translation by @Mg Bathar (မြန်မာဘာသာပြန်ပေးတဲ့ ကျနော့်အစ်ကို မောင်ဘသာကို ကျေးဇူးအထူးပါခင်ဗျာ။)
CAMERA : CANON EOS M3 & iPhone